Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 31 - Luqman
Translation by Alin U Yin — Permalink
Verse 16 — Surah Luqman 31:16
အို၊ ချစ်သား၊ မုချဧကန် အမှုန်ပမာဏမျှသေးသော (မုန်ညင်းစေ့ခန့်မျှရှိသည့် အကောင်းအဆိုး အပြုအမူအကြောင်း) အရာတစ်စုံတစ်ခုသည် ကျောက်ဆောင်ကျောက်တုံး တစ်ခုခု၌ဖြစ်စေ၊ မိုးကောင်းကင်များ၌ ဖြစ်စေ၊ မြေကမ္ဘာအတွင်း၌ဖြစ်စေ၊ (ရှိနေလျှင်) အလ္လာဟ်အရှင်မြတ်သည် ယင်းနှင့်စပ်လျဉ်း၍ (အရှင့်ရှေ့တော်မှောက် ရောက်စေတော်မူလျက်) အစားပေးတော်မူမည် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အနုစိတ်အသေး စိတ်ရှုထောင့်စုံကို နက်နဲသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အ လက်အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။