Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 17 — Surah Luqman 31:17

အို၊ ချစ်သား၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်လော့။ ထို့ပြင် ဝတ်ပြုမှုကို ဆောက်တည်လော့။ ထို့ပြင် တရားတော်နှင့်အညီ ဖြောင့်မတ်မှန်ကန်သော ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအား မြှောက်ပြုလျက် အမိန့်ပေး ညွှန်ကြားပြီး (စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ဖီဆန် ငြင်းပယ်မှုနှင့်) မကောင်းမှုအကုသိုလ်တို့မှ တားမြစ်ပိတ်ပင်လော့။ (အရှင့်လမ်းစဉ်တော်နှင်ညီ ဘဝဆောက် တည်ရာစဉ်) ကြုံတွေ့သမျှ ဘေးဒုက္ခအခက်အခဲများအပေါ် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံလော့။ မုချဧကန်၊ ထိုသို့ပြုမူခြင်းသည် (အရေးကိစ္စများကို ဖြေရှင်းရာ၌ အရှင့်လမ်းညွှန်ချက်နှင့်အညီ) သစ္စာမြဲမြံစွာ ဆုံးဖြတ်ဆောင်ရွက်စေသောအရာပင်တည်း။