Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 31 - Luqman
Translation by Alin U Yin — Permalink
Verse 20 — Surah Luqman 31:20
ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသောအရာဟူသမျှကို သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကိုလည်းကောင်း၊ အထင်အရှားဖြစ်သော (ရုပ်ပိုင်းဆိုင်) မထင်မရှားဖြစ်သော (နာမ်ပိုင်းဆိုင်ရာ ရိက္ခာအထောက် အပံ့များနှင့်လမ်းညွှန်တော် အစရှိသော) ကျေးဇူးတော်များကို ရက်ရက်ရောရော ဖောဖောသီသီ ချီးမြှင့်တော်မူထားသည်ကိုလည်းကောင်း၊ လူသားတို့အနက် အချို့မှာမူကား မည်သည့် စစ်မှန်သော အသိပညာ၊ သက်သေအထောက်အထားမရှိရုံသာမက လမ်းညွှန်တော်နှင့်ဉာဏ်အလင်းရစေသော မည်သည့်ကျမ်းတော်ကိုမျှ မပိုင်ဆိုင် ဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်နေကြသည်ကိုလည်းကောင်း၊ သင်တို့ မတွေ့ မမြင် မသုံးသပ်မိလေသလော။