Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 21 — Surah Luqman 31:21

သူတို့အား “အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်ရာကို လိုက်နာကြလော့။” ဟု အပြောခံရသည့်အခါတိုင်း အမှန်မှာ စေတန်မကောင်းဆိုးဝါးသည် သူတို့အား ချစ်ချစ်တောက်ပူလောင်စေမည့် ငရဲဘုံ ၏ပြစ်ဒဏ်ဘက်သို့သာ ဖိတ်ခေါ်လျက်ရှိသော်ငြားလည်း “(သူတို့က ကျွန်ုပ်တို့ မလိုက်နာနိုင်ပါ။) ကျွန်ုပ်တို့၏ဖခင်များ (ဖြစ်သောဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ကြသည့် မိရိုးဖလာလမ်းစဉ်) ၌ တွေ့ခဲ့ရသည့်အတိုင်းသာ လိုက်နာကြပါမည်။” ဟု ဖြေဆိုခဲ့ကြသည်။