Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 22 — Surah Luqman 31:22

စင်စစ်သော်ကား မည်သူမဆို သူ့မျက်နှာကို အလ္လာဟ်အရှင်မြတ်ဘက်ဦးတည်ရှေ့ရှုလျက် အရှင့်ကျေ နပ်နှစ်မြို့မှုအတွက် သူ့ကိုယ်စိတ်နှလုံးကို အရှင့်ထံ နာခံအပ်နှင်းလျှင် ထိုသူသည် မုဟ်စန် (ခေါ် လုပ်ရပ် ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) ဖြစ်၍ သူသည် (ဘဝတက်လမ်းမှ ပြုတ်မကျရအောင်) အလွန်ခိုင် မြဲပြီး စိတ်ချရသည့်အပြင် မည်သည့်အခါမျှ ကျိုးပျက်မည်လည်းမဟုတ်သော လက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့လေပြီ။ အမှန်သော်ကား စီမံချက်အရေးကိစ္စ (အလုံးစုံ) တို့၏ နောက်ဆုံးအကျိုးရလဒ်သည် (အရှင့်နိယာ မတရားနှင့်အညီ) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။