Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 31 - Luqman
Translation by Alin U Yin — Permalink
Verse 23 — Surah Luqman 31:23
သို့ရာတွင် မည်သူမဆို မယုံကြည်သွေဖည်ငြင်းပယ်လျှင်၊ သူ၏မယုံကြည်ဖီဆန်ငြင်းပယ်မှုသည် အသင့်အား ဝမ်းနည်းပူဆွေးခြင်း မဖြစ်စေနှင့်။ သူတို့အားလုံးသည် သူတို့ ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်က သူတို့အား (စစ်ဆေးမေးမြန်းတော်မူမည်ဖြစ်ကြောင်းကို) သတင်းပေးသိနားလည်စေတော်မူမည် ဖြစ်သောကြောင့် ငါအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လှည့်ခြင်း ခံကြရပေမည်။ ဧကန်ပင်၊ အလ္လဟ်အရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။