Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 27 — Surah Luqman 31:27

စင်စစ်သော်ကား၊ အကယ်၍ မြေကမ္ဘာ၌ ရှိသမျှသော သစ်ပင်ပေါက်ပင်များအား ကလောင်များဖြစ်စေ၍ (မြေကမ္ဘာ၌ရှိသော) ပင်လယ်သမုဒ္ဒရာအား ယင်းအပြင် နောက်ထပ် ပင်လယ်သမုဒ္ဒရာ ခုနှစ်ဆက်ကို ထပ်ဖြည့်တိုးစေလျှက် (မင်များဖြစ်စေပြီးလျှင်) အလ္လာဟ်အရှင်မြတ်၏ (အမိန့်တော်များ လက်ရာတော်များ၊ ဂုဏ်တော်၊ နာမတော်များ၊ အရှင်မြတ်ဖွဲ့စည်းဖြစ်တည်တော်မူသော သက်ရှိသက်မဲ့များနှင့်အ ကြောင်းအရာများ ဆိုင်ရာအရှင့်) မုက္ခပါဌ်တော်များကို (ရေးသားလိုလျှင် ထိုပင်လယ်သမုဒ္ဒရာအားလုံးသည်ပင်လျှင်) ခန်းခြောက် ကုန်ခန်းသွားလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။