Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 28 — Surah Luqman 31:28

တစ်ခုတည်းသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ် အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ) သကဲ့သို့မှအပ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းနှင့် (သေပြီးနောက်တစ်ဖန်) ရှင်ပြန်ထစေတော်မူခြင်း မဟုတ်ပေ။ ဧကန်မုချ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို မြင်နေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။