Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 31 - Luqman
Translation by Alin U Yin — Permalink
Verse 31 — Surah Luqman 31:31
အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များဖြင့် ဂုဏ်သိက္ခာပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ သင်တို့ သိမြင်နိုင်ကြရန်အလို့ငှာ ရွက်လှေသင်္ဘောစသော ရေကြောင်းသွာလာရေးဆိုင်ရာ ရေယာဉ်များကို အရှင့်အမိန့်တော်နိယာမတရားဖြင့် ပင်လယ်သမုဒ္ဒရာ၌ ခုတ် မောင်း၍ ခရီးသွားလာရန် အသုံးပြုနိုင်သောအရာများဖြစ်စေတော်မူကြောင်းကို သင်တို့ မတွေ့မမြင် မသုံးသပ်မိ လေသလော။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်ပေါ်စေတော်မူခြင်း) ၌ ခန္တီသည်း ခံကြံ့ခိုင်မှုမြဲမြံသူတိုင်းနှင့်ကျေးဇူး သိတတ်သူတိုင်းအတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။