Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 31 - Luqman
Translation by Alin U Yin — Permalink
Verse 32 — Surah Luqman 31:32
လှိုင်းလုံကြီးသည် သူတို့အား မျက်နှာကြက်အမိုးပမာ အမှောင်ထုဖုံးအုပ်လျက် လွှမ်းမိုးသောအခါ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ထိုအရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်သာ အဓိက ဖြစ်စေလျက် စိတ်ရင်းစေတနာဖြူစင်သူအဖြစ် အလ္လဟ်အရှင်မြတ်ကို ဟစ်ခေါ် တသလျက် ဆုတောင်းပန်ကြားကြ၏။ သို့ရာတွင် ထိုအရှင်မြတ် သည် သူတို့အား (ထိုအဖြစ် ဆိုးမှ) ကယ်တင်၍ ကုန်းပေါ်သို့ (ဘေးကင်းလုံခြုံစွာ) ရောက်ရှိစေတော်မူသောအခါ သူတို့အနက်အချို့သည် (ယုံကြည်မှုနှင့်မယုံကြည်မှုအနက် မည်သည့်အရာပင် ဟက်ဟက် ပက်ပက် ယိမ်းယိုင်းသွားခြင်းမရှိဘဲ) အလယ်အလတ်ကိုသာ လိုက်နာကြ၏။ စင်စစ်သော်ကား သစ္စာဖောက်တိုင်းနှင့်ကျေးဇူးကန်းသူတိုင်းမှအပ ငါအရှင်မြတ် ၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ဆန့်ကျင်ငြင်းပယ်ကြမည် မဟုတ်ပေ။