Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 33 — Surah Luqman 31:33

အို၊ လူသားအပေါင်းတို့၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် သူ့သားအတွက် အသုံးမဝင်သည့်အပြင်၊ မည်သည့် သားတစ်ဦးတစ်ယောက်သည်လည်း သူ့ဖခင်အတွက် လုံးဝ အသုံးဝင်မည် မဟုတ်သော ထို (တမလွန် တရားစီရင်မည့်) နေ့ကို ကြောက်ရွံ့ကြလော့။ ဧကန်စင်စစ်၊ (တမလွန်ဘဝနှင့်စပ်လျဉ်းသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာ ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ လော ကီဘဝသက်တမ်းက သင်တို့အား မလှည့်စားမိစေနှင့်။ ထိုနည်းတူစွာ၊ မည်သည့်လှည့်စားသူ (အထူးသဖြင့် စေတန်မကောင်းဆိုးဝါး) ကိုမျှ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့ (၏အတွေးအမြင်နှင့်သဘောထားတို့) အား လှည့်ဖြားစေရန် ခွင့်မပြုလေနှင့်။