Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 34 — Surah Luqman 31:34

ဧကန်မလွဲ၊ ရှင်ပြန်ထမည့်အချိန်နာရီ (မည်သည့်အချိန်တွင် ရောက်လာမည်) ကို သိခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ရွာသွန်းစေ၍ ချပေးတော်မူသည့်အပြင် (မိခင်များ၏) သားအိမ်များ၌ မည်သည့်အရာရှိသည်ကိုလည်း သိနေတော်မူ၏။ စင်စစ်သော်ကား မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မျှ မနက်ဖြန်တွင် မည်သည့်အရာအား ရိတ်သိမ်း၍ ရှာမှီးဆည်းပူးရမည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သည့် နဖ်စ်ကမျှ မည်သည့်နယ်မြေ (အရပ်ဒေသ) ၌ သေဆုံးမည်ကိုလည်း မသိနိုင်ပေ။ မလွဲဧကန်၊ အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။