Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 32 - As-Sajdah
Translation by Alin U Yin — Permalink
Verse 4 — Surah As-Sajdah 32:4
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့၌ ရှိသမျှအရာများကိုလည်းကောင်း၊ ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက်) တစ်ဖန် ထိုအရှင်မြတ်သည် အရ်ရှ်ပလ္လင်တော် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထား သည့် ဩဇာအာဏာ) အား အချို့အစား မျှတပြီး နေထားတကျဖြစ်အောင် အခိုင်အမာ ထူထောင်စေတော်မူ၏။ ထိုအရှင်မြတ်မှလွဲ၍ သင်တို့အတွက် (အရှင့်ခွင့်ပြုချက်မှအပ) ကြားဝင်စွက် ဖက်နိုင်သူနှင့်ကိုယ်စားအသနားခံ နိုင်သူဟူ၍ အလျှင်း မရှိပေ။ (စကြဝဠာအတွင်းရှိ အခြေခံဒြပ်စင်များ၊ နိယာမတရားများနှင့်စပ်လျဉ်း၍) သင်တို့ အပြန်အလှန်တွေးတောဆင်ခြင်၍ သတိရလျက် မဖွင့်ဟကြ လေသလော။