Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Ahzab 33:10
(သတိရကြလော့။) ထိုစစ်တပ်ကြီးသည် သင်တို့၏အထက် (အရှေ့ကုန်းမြင့်) ဘက်မှလည်းကောင်း၊ သင်တို့၏ (အနောက်ရပ်ရှိမြေနိမ့်ပိုင်းသော) အောက်ဘက်မှလည်းကောင်း၊ (စုရုံး) ချီတက်လာခဲ့ကြစဉ် (သင်တို့၏) မျက်စိများက (ထိတ်လန့်မှုကြောင့် ပြူးတူးကြောင်တောင်ဖြစ်လျက်) မှေးမှိန်လာ၍ နှလုံးများမှာလည်း လည်မျိုသို့ ရောက်ရှိလာကာ သင်တို့ (ထဲမှ ယုံကြည်မှုအားနည်းသူတို့ကလည်း အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အနှစ်သာရမဲ့သော အတွေးအမြင်များကို (စိတ်ကူးထဲ၌) ထင်မြင်ယူဆခဲ့ကြ၏။