Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 13 — Surah Al-Ahzab 33:13
ထို့ပြင် သူတို့အနက်မှ အုပ်စုတစ်စုက ''အို၊ ယတ်ဆရစ်ဗ် (မဒီနာ) မြို့သားတို့၊ (ရန်သူစစ်တပ်ကို ရင်ဆိုင်ရန်) သင်တို့၌ ကြံ့ခံတောင့်ခံနိုင်သော ရပ်တည်နိုင်စွမ်းမရှိသောကြောင့် (သင်တို့သည် သင်တို့၏ အိမ်များသို့သာ) ပြန်သွားကြလော့။'' ဟု ပြောဆိုခဲ့ကြပြီး သူတို့အနက်မှ အခြားအဖွဲ့တစ်ခုကလည်း ''ဧကန်ပင်၊ ကျွန်ုပ်တို့၏အိမ်များမှာ ဗလာဟင်းလင်းဖြစ်လျက် လုံခြုံမှုမရှိပါ။'' ဟုပြောဆိုကာ (စစ်မြေပြင်ကို စွန့်၍ အိမ်ပြန်နိုင်ရန်) တမန်တော်မြတ်ထံ ခွင့်တောင်းခဲ့ကြ၏။ စင်စစ်သော်ကား သူတို့၏အိမ်များသည် ဗလာဟင်းလင်း ဖြစ်လျက် လုံခြုံမှုမဲ့နေသည် မဟုတ်ဘဲ ထွက်ပြေးရန်သာ ကြံရွယ်နေကြခြင်း ဖြစ်၏။