Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 18 — Surah Al-Ahzab 33:18

အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက်မှ (အခြားသူတို့အား စစ်ပွဲ၌မပါဝင်မိစေရန်) ဟန့်တားနှောင့်ယှက်၍ လမ်းလွဲစေလိုသူမျးနှင့် (အယောင်ဆောင်သီလကြောင်တို့အနက်မှ) သူတို့၏ညီ အစ်ကိုများအား (အသက်စတေးရမည့်အန္တရာယ်ကို ရှောင်နိုင်ရန်) “ကျွန်ုပ်တို့ဘက်သို့ လာ၍ ပူးပေါင်းကြ။” ဟု သွေးထိုး စကားပြောသူများကို သိနေတော်မူ၏။ စင်စစ်သော်ကား သူတို့သည် စစ်ပွဲအတွက် ရုန်းကန်လှုပ်စဉ် (အမည်ခံအားဖြင့်) ခဏတဖြုတ်မှအပ ပါဝင်လာခဲ့ကြသည် မဟုတ်ပေ။