Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 19 — Surah Al-Ahzab 33:19
(အရှင်မြတ်၏လမ်းတော်၌ သင်တို့နှင့်ပူးပေါင်းဆောင်ရွက်ရန် ဝန်လေးလျက်) သင်တို့အပေါ်၌ တွန့်တိုခဲ့ ကြသော်လည်း (စစ်ပွဲ၏အန္တရာယ်ကြောင့်) ကြောက်ရွံ့စိုးရိမ်မှု ဆိုက်ရောက်လာသောအခါ (ကြောက်စိတ်ကြောင့်) မျက်စိများမူးဝေလျက် သေဘေးလွှမ်းမိုး၍ မေ့မြောနေသောသူကဲ့သို့ အသင် (တမန်တော်) ဘက်သို့ ငေးကြည့်နေကြသည်ကို အသင် တွေ့မြင်ရလေ၏။ တဖန် (စစ်ပွဲရပ်စဲ၍) ကြောက်ရွံ့စိုးရိမ်မှု ပပျောက်သွား သောအခါဝယ် သူတို့သည် (အောင်ပွဲခံမှုကြောင့် ရရှိသာ) အကျိုးအမြတ်များအပေါ်၌ မတော်လောဘတက်ကြလျက် ထက်မြက်သောနှုတ်လျှာများဖြင့် သင်တို့အား (နာကြည်းစေရန်) ပုတ်ခတ်ထိုးနှက်ကြကုန်၏။ ထိုသူတို့သည်ကား သက်ဝင်ယုံကြည်ခဲ့ကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ပြုမူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့၏။ စင်စစ်သော်ကား ထိုသို့ဖြစ်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် (လွန်စွာ) လွယ်ကူလှပေ၏။