Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 20 — Surah Al-Ahzab 33:20
(အယောင်ဆောင်သီလကြောင်တို့သည် ရန်သူမဟာမိတ်အဖွဲ့၏ဝိုင်းထားခြင်းကို ခံရသောကြောင့် ကြောက်ရွံ့စိုးရိမ်လျက်) ''ရန်သူမဟာမိတ်အဖွဲ့တို့မှာ (တပ်ခေါက်၍) ဆုတ်ခွာသွားကြမည် မဟုတ်။'' ဟု ထင် မှတ်နေကြ၏။ သို့ရာတွင် (ရန်သူမဟာမိတ်အဖွဲ့များ အမှန်ပင် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိသွားသောအခါ) “အကယ်၍ ရန်သူမဟာမိတ်အဖွဲ့များ (နောက်ထပ်တစ်ကြိမ်) ရောက်ရှိလာကြလျှင်၊ သူတို့သည် သဲကန္တာရတွင် လှည့်လည်နေထိုင်ကြသော ဘေဒဝီန် ကျေးတောသားများထံ ခိုအောင်းလျက် (မဒီနာမြို့၌ နေထိုင်၍ စစ်ပွဲရင် ဆိုင်နေရသော) သင်တို့၏သတင်းများနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခဲ့ကြလိမ့်မည်။ အကယ်၍ သူတို့သည် သင် တို့နှင့်အတူ ရှိနေခဲ့ကြလျှင်လည်း အနည်းငယ်မျှသာလျှင် တိုက်ခိုက်ကြပေမည်။