Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 22 — Surah Al-Ahzab 33:22

အမှန်စင်စစ်သော်ကား သက်ဝင်ယုံကြည်သောသူတို့သည် ရန်သူမဟာမိတ်အဖွဲ့တို့အား (သူတို့၏ရှေ့ တွင်) တွေ့မြင်ကြသောအခါ ''ဤသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့က ကျွန်ုပ်တို့အား ကတိပေးထားသည့်ကိစ္စပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်မြတ်တို့သည် ဖြောင့်မတ် မှန်ကန်သောသစ္စာတရားကိုသာ မိန့်ကြားခဲ့၏။'' ဟု ပြောဆိုကြ၏။ ထို့ပြင် ယင်းကိစ္စသည် သူတို့၌ ယုံကြည်မှု နှင့်ကိုယ်စိတ်နှလုံးအား အရှင့်ထံ အပ်နှံ၍ နာခံလိုက်နာလိုသော စိတ်အားထက်သန်မှုကိုသာ တိုးပွားစေခဲ့၏။