Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Ahzab 33:25

စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်) သူတို့အား မည်သည့် ကောင်းကျိုးကိုမျှ မရရှိစေဘဲ၊ သူတို့၏အမျက်ဒေါသနှင့်တကွ ပစ်ပစ်ခါခါ တွန်းလှန်ငြင်းပယ်တော်မူခဲ့၏။ ထို့ပြင် စစ်ပွဲတွင် အလ္လာဟ်အရှင်မြတ်သည်ပင် သက်ဝင်ယုံကြည် သူတို့အတွက် လုံလောက်တော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးစွမ်းအားအလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။