Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 30 — Surah Al-Ahzab 33:30

အို၊ ရစူလ်တမန်တော်မြတ်၏ဘဝဖော်ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့အနက်မှ မည်သူမဆို ထင်ရှားစွာသော မဖွယ်မရာ၊ မကြားဝံ့မနာသာမှုတစ်စုံတစ်ခုကို ကျူးလွန်မိသော် သူမအတွက် ပြစ်ဒဏ်သည် နှစ်ကြိမ်နှစ်ခါ နှစ်ဆတိုးပေးခြင်းကို ခံရပေမည်။ စင်စစ်သော်ကား ထိုသို့ဆောင်ရွက်ခြင်းသည် အလ္လာဟ်အရှင် မြတ်အတွက် အလွန်ပင် လွယ်ကူလှပေ၏။