Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 32 — Surah Al-Ahzab 33:32

အို၊ ရစူလ်တမန်တော်၏ဘဝဖော်ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့သည် အခြားအမျိုးသမီး တစ်ဦးတစ်ယောက်ကဲ့သို့ မဟုတ်ကြချေ။ သို့ဖြစ်ပေရာ အကယ်၍ အသင်မတို့သည် အရှင်မြတ်ကို စိုးရွံ့ ထိတ် လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျှင် (အပြောအဆို၌) အလိုလိုက် အကြိုက်ဆောင်တတ်သော ဆွဲဆောင်ဖွယ်ရာစကားဖြင့် နှလုံးသား၌ ရောဂါရှိနေသော သူအား စိတ်မမှားမိစေနှင့်။ သို့ရာတွင် တရားတော်နှင့်အညီ (ရိုးသားမျှတ၍ သိက္ခာရှိသော) သင့်တော် မြင့်မြတ်သည့်စကားကိုသာ ပြောဆိုကြလော့။