Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 35 — Surah Al-Ahzab 33:35

မုချဧကန်၊ (သူတို့၏အပြောအဆိုနှင့်အပြုအမူတွင် အရှင်မြတ်ထံ ကိုယ်စိတ်နှလုံးကို နာခံအပ်နှံကြောင်း သက်သေပြသူ) မွတ်စလင်အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (သူတို့၏အပြောအဆိုနှင့်အပြုအမူတွင် အရှင်မြတ်၏အမိန့်တော်များကို စိတ်ရင်းစေတနာ ဖြူစင်စွာ ယုံကြည်ကြသော) မုအ်မင်န်အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ အရှင့် အမိန့်တော်များကို ရိုးသားဖြူစင်ကိုင် ရှိုင်းစွာ နာခံလိုက်နာသည့် အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (သူတို့၏အပြောအဆိုနှင့်အပြုအမူတွင် ဖြောင့်မတ် မှန်ကန်သော) သစ္စာဝါဒီအမျိုးသားများနှင့်အမျိုးသမီးများသည်လည်း ကောင်း၊ (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ကြုံလာသမျှ ဘေးဒုက္ခ အခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံခိုင်မှု မြဲမြံသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်း ကောင်း၊ (ကိုယ်စိတ်နှလုံးဖြင့် အရှင့်ရှေ့တော် မှောက်တွင် အစဉ်) ရိုကျိုးလေ့ရှိသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (အရှင့်ကျေနပ် နှစ်မြို့မှုရရှိရန် ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူ) ပေးကမ်းလှူဒါန်းကြသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (မဖြစ် မနေဆောက်တည်ရမည့် တာဝန်အဖြစ် ပြဌာန်းထားသော) ဆွိယာမ် ဥပုသ်သီလကို ဆောက်တည်ကြသည့် အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ (အရှင့်သိစိတ်ဖြင့် သူတို့၏ ကာယိန္ဒြေ) ကိုယ်အင်္ဂါများကို စောင့်ထိန်းကြသော အမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြသောအမျိုးသားများနှင့်အမျိုးသမီးများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ထိုသူတို့ (အားလုံးတို့) အတွက် (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် နှင့် (သူတို့မထင်မှတ် မခန်းမှန်းနိုင်သော) အလွန် ကြီးကျယ်မြင့်မြတ်သည့် အကျိုးဆုလဒ်များကို အသင့်စီမံပြင် ဆင် ထားရှိမည့်သူများ ဖြစ်ကြ၏။