Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 36 — Surah Al-Ahzab 33:36
အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်တို့သည် အမိန့်စီမံချက်တစ်စုံတစ်ခုကို စီမံပြဌာန်း ချမှတ်ပေးသောအခါ (အပြောအဆိုနှင့်အပြုအမူတွင် အရှင်မြတ်၏အမိန့်တော်များကို စိတ်ရင်းစေတ နာဖြူစင်စွာ ယုံကြည်သော) မုအ်မင်န်အမျိုးသားတစ်ဦးဖြစ်စေ အမျိုးသမီးတစ်ဦးဖြစ်စေ၊ ယင်းကို သူတို့၏စီမံချက် အရေးကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသည့်အလျှောက် လိုက်နာကျင့်သုံးခြင်းမှအပ သူတို့အတွက် အခြားရွေးချယ်စရာ မရှိချေ။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်တို့အား မနာခံဖီ ဆန်လျှင် ဧကန်မလွဲ၊ ထိုသူသည် ထင်ရှား ရှင်းလင်းစွာ လမ်းလွဲလျက် လမ်းမှားရောက်ရှိခဲ့ပြီ ဖြစ်၏။