Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 37 — Surah Al-Ahzab 33:37

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သတိရလော့။) အသင်သည် အလ္လာဟ်အရှင်မြတ်က (သူ့အား အစ္စလာမ့် သို့ လမ်းညွှန်တော်မူခြင်းနှင့်အသင်တမန်တော်၏အနီးစပ်ဆုံးသာဝကဖြစ်စေတော်မူခြင်းဖြင့်) ဂုဏ် သိက္ခာ ချီးမြှင့်ပေးအပ်တော်မူသောသူလည်းဖြစ် အသင် (တမန်တော်) က (ကျွန်ဘဝမှလွတ်မြောက်စေ၍ အထူးစာနာထောက် ထားမှုဖြင့်ဆက်ဆံလျက်) ဂုဏ်သိက္ခာပေးခဲ့သူလည်းဖြစ်သောသူအား အသင် (တမန်တော်) က ''အသင်သည် သင့်ဘဝဖော်ဇနီးသည်ကို (ကွာရှင်းခြင်းမပြုပဲ) အသင့်ထံ၌ပင် (တရားဝင်ဇနီးအဖြစ် ဆက်လက်) ထိန်းသိမ်းထားလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လော့။ ဟု ပြောဆိုဆုံးခဲ့စဉ် တွင်လည်းကောင်း ထို့ပြင် အသင် (တမန်တော်) သည် အလ္လာဟ်အရှင်မြတ်က (ဇိုင်နဗ်အား ထမ်းမြားရန် စီရင်ပြဌာန်းတော်မူပြီ ဖြစ်ကြောင်း) ထုတ်ဖော်ဖွင့် ချစေတော်မူသည့် ထိုကိစ္စအား (သူတို့၏ဝေဖန်ပြောဆိုမှုဖြင့် သူတို့၏ယုံကြည်မှုကို ထိခိုက်စေနိုင်မည့်) လူတို့ကို စိုးရိမ်ကြောင့်ကြ၍ အသင့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဝယ် သိုဝှက်သိမ်းဆည်းထားခဲ့စဉ် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ပင် (အမှန်တရားသစ္စာဖြစ်တော်မူ၍ ထိုကစ္စကို အကောင်အတည် ဖော်ဆောင် ရွက်လျက် အရှင်မြတ်သည်သာ) ထိတ်လန့်ခြင်းခံရရန် ပိုမို၍ပင် ထိုက်တန်တော်မူ (ကြောင်းကို မိန့်ကြားတော်မူခဲ့) ၏။ သို့ဖြစ်ပေရာ ဇိုက်ဒ်သည် (သူ့ဘဝဖော်ဇနီးအား တရားဝင် ကွားရှင်းပြီးနောက်) သူမ (၏နောင်ကြိုး) မှ အပြီးသတ် (တရားဝင်ဆုတ်ခွာသွား) ၍ (သူမကလည်း ကွာရှင်းမှုအပြီး တရားတော်အရ စောင့်ဆိုင်းကာလ) လုပ်ရိုးလုပ်စဉ်ကို ဆောင်ရွက်ခြင်းပြီးမြောက်သည့်အခါ ငါအရှင်မြတ်သည် သက်ဝင်ယုံ ကြည်သူတို့အပေါ် သူတို့မွေးစားသားများ၏ဘဝဖော်ဇနီးများနှင့်ပတ်သက်၍ သူမတို့ (၏နောင်ကြိုး) မှ အပြီးသတ် (တရား ဝင်ဆုတ်ခွာသွား) ၍ (သူမတို့ကလည်း ကွာရှင်းမှုအပြီး တရားတော်အရ စောင့်ဆိုင်းကာလ) လုပ်ရိုးလုပ်စဉ်ကို ဆောင်ရွက်ခြင်းပြီးမြောက်သည့်အခါ သူမတို့အား တရားဝင်ထိမ်းမြားခြင်း၌ အပြစ်မထိုက်စေရန်အလို့ငှာ (တမန်တော်၏မွေးစားသားဖြစ်သူ ဇိုက်ဒ်က ကွာရှင်းခဲ့ပြီးဖြစ်သော ဇိုင်နဗ်မည်သော) သူမကို အသင် (တမန်တော်) နှင့်တရားဝင် ထိမ်းမြားစေတော်မူခြင်းဖြစ်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်သည် ပြီးမြောက်အောင် ဆောင်ရွက်စေတော်မူခြင်းခံရသည့်အရာပင် ဖြစ်၏။