Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 38 — Surah Al-Ahzab 33:38
အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အတွက် တရားဝင်သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်မထိုက်ပေ။ (မည်သည့် အဟန့်အထား အနှောက်အယှက်လည်း မရှိသင့်ပေ)။ (ဤသည်) ရှေးယခင်က လွန်လေခဲ့ကြသော (တမန်တော်များ ဖြစ်သည့်) သူတို့နှင့် ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏လမ်းစဉ် (စည်းမျဉ်းတော်) အတိုင်းပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်သည်ကား (အရာခပ်သိမ်း အဖြစ်အပျက်ခပ်သိမ်းတို့အတွက် စနစ်တကျ) စည်းဘောင်ချမှတ်ပြဌာန်းစေတော်မူစေသော စီရင်ချက်အမိန့်တော်တစ်ရပ်ပင် ဖြစ်၏။