Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Ahzab 33:4

အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူပုဂ္ဂိုလ်ကိုမျှ သူ့ရင်တွင်း၌ (အရှင့်မြတ်ကို ယုံကြည်လျက် နာခံအပ်သောနှလုံးသားနှင့်အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့ကို ယုံကြည်ကိုးကွယ်လိုသော နှလုံးသား ဟူ၍) စိတ်နှလုံးနှစ်ခု စီမံဖြစ်စေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့ ၏ဘဝဖော်အမျိုး သမီးများကို “သင်တို့မိခင်များ၏ကျောကုန်းများ”(ဟု ပြောဆိုလျှင် ကွာရှင်းမှု အထမြောက်၍ သင်တို့အတွက် တရားမဝင် ဖြစ်သွား၏။” ဟူသော အဆိုကိုလည်း) စီမံဖြစ်စေတော်မူခဲ့သည် မဟုတ်ပေ။ တစ်ဖန် ထိုအရှင်မြတ် သည် သင်တို့၏မွေးစားသားများကိုလည်း သင်တို့၏သား (အရင်းအချာ) များအဖြစ် စီမံဖြစ်စေတော်မူခဲ့သည် မဟုတ်ပေ။ ထိုကဲ့သို့ (​ဇနီးမယားကို ""မိခင်၏ကျောကုန်း"" ဟု ပြောလျှင် ကွာရှင်းပြီးသားဖြစ်သွား၏မွေးစားသား သည် သားအရင်းပင်ဖြစ်၏ဟူ) သော သင်တို့၏အပြောအဆိုများသည် သင်တို့၏ပါးစပ်များက (ထင်ရာမြင်ရာကို စိတ်ကြိုက်ပြောဆိုကြသော) ပြောဆိုချက်မျှပင် ဖြစ်ကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်တရားသစ္စာကိုသာ မိန့်ကြားတော်မူပြီး ထိုအရှင်မြတ်သည် (ဖြောင့်မတ်မှန်ကန် မြဲမြံသော) လမ်းစဉ်တော်ကို ညွှန်ပြတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။