Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 49 — Surah Al-Ahzab 33:49
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် သက်ဝင်ယုံကြည်သူ အမျိုးသမီးများ နှင့်ထိမ်းမြားမှု ပဋိညာဉ်ချုပ်ဆိုခဲ့ပြီးနောက် သူမတို့အား ထိတွေ့ ချဉ်းကပ်ခြင်း မပြုကြသေးမီပင် ကွာရှင်းခဲ့ ကြလျှင်၊ သင်တို့အတွက် သူမတို့အပေါ်၌ (ကွာရှင်းမှုအပြီး အမျိုးသမီးတို့ တရားတော်အရ စောင့်ဆိုင်းရသော) မည်သည့် စောင့်ဆိုင်းကာလကိုမျှ တွက်ချက်စောင့်ကြည့်စရာ မလိုပေ။ သို့ဖြစ်ပေရာ သင်တို့သည် သူမတို့အား (ကွာရှင်းမှု၏အလျှော်အစားအဖြစ်) ကျေနပ်ဖွယ်ရာ လောကီအကျိုးခံစားခွင့်များပေး၍ သိမ်မွေ့ရည်မွန်စွာ လွတ်လပ်စေခြင်းမျိုးဖြင့် လွတ်လပ်စေရမည်။