Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 5 — Surah Al-Ahzab 33:5

(လူတိုင်းနှင့်သင်တို့၏မွေးစားသားများဖြစ်ကြသော) သူတို့ကို သူတို့၏ဖခင်အရင်းများနှင့်ဆက်စပ်လျက် (မည်သူမည်ဝါ၏သားဖြစ်သည်ဟုသာ) ခေါ်ဝေါ်ကြလော့။ ယင်းသည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ တရား အမျှတဆုံးနှင့်အသင့်တော်ဆုံး ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် သူတို့၏ဖခင်ရင်းများကို မသိကြလျှင် သူတို့သည် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတိုင်းဘဝဆောက်တည်သူ ညီအစ်ကိုများ၊ (သင်တို့နှင့်သူတို့ကြား အကောင်း အဆိုးကို စောင့်ကြည့်၍) ကောင်းရာကို ညွှန်ပြသူများ ဖြစ်ကြ၏။ စင်စစ်သော်ကား (သူတို့၏အမည်များကို မှည့်ခေါ်ရာ၌ မရည်ရွယ်ဘဲ မတော်တဆ) မှားမိလျှင် အပြစ်မထိုက်ချေ။ သို့ရာတွင် သင်တို့စိတ်နှလုံးသား (၏စေ့ဆော်ချက်) က ကြိုတင်ကြံရွယ်၍ ပြုမူကြကုန်သော အမှုကိစ္စ၌မူ (အပြစ်) ရှိ၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။