Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 50 — Surah Al-Ahzab 33:50

အို၊ နဗီတမန်တော်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်က ထိမ်းမြားမင်္ဂလာလက်ဆောင် (မဟရ်ကြေး) ပေးခဲ့ပြီးဖြစ်သောသော အသင့်ဘဝဖော်ကြင်ရာတော်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က အသင့်အား ချီးမြှင့်ပေးအပ်တော်မူခဲ့ပြီး အသင့်လက်အောက်ခံ ဩဇာခံအဖြစ် အသင့်လက်ဝယ်၌ ရှိနေသော စစ်သုံးပန်း များမှ လည်းကောင်း၊ အသင့် (ဖခင်ဘက်မှ) ဘကြီး၊ ဘထွေး၏သမီးများကိုလည်း ကောင်း၊ (ဖခင်ဘက်မှ) အသင့်အဒေါ်ကြီး၊ အဒေါ်လေးများ၏သမီးများကိုလည်းကောင်း၊ (မိခင်ဘက်မှ) အသင့် ဦးကြီး၊ ဦးလေးများ၏သမီးများကိုလည်းကောင်း၊ အသင်နှင့်အတူ နေရင်းဒေသ (မက္ကာကို) စွန့်၍ (မဒီနာသို့) ရွေ့ပြောင်းနေ ထိုင်လာခဲ့သော (မိခင်ဘက်မှ) အသင့် အရီးကြီး၊ အရီးလေးများ၏သမီးများကိုလည်းကောင်း၊ အသင့်အတွက် တရားဝင်လက်ထပ်ခွင့်ရှိသူများ ဖြစ်စေတော်မူခဲ့၏။ ထို့ပြင် သက်ဝင်ယုံကြည်သူ အမျိုးသမီးတစ်ဦးက သူမ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသောဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို (သူမ၏လွတ်လပ်သောဆန္ဒအရ မည်သည့် တောင်းဆိုချက်မျှ မပါဘဲ) နဗီတမန်တော်မြတ်အ တွက် ကမ်းလှမ်း၍ အကယ်၍ နဗီတမန်တော်မြတ်ကလည်း သူမကို ထိမ်းမြားရန် ဆန္ဒရှိခဲ့သော် အခြားယုံကြည်သူများအတွက် မဟုတ်ဘဲ အသင် (တမန်တော်) အတွက် အထူးသီးသန့်ချမှတ် တော်မူသည့်စည်းမျဉ်း (အထူးအခွင့်အရေး) အဖြစ် ခွင့်ပြုတော်မူ၏။ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည် သူတို့အပေါ်၌ သူတို့၏ဘဝ ဖော်ဇနီးမယားများနှင့်ပတ်သက်၍လည်းကောင်း၊ သူတို့၏လက်အောက်ခံ၊ ဩဇာခံ အဖြစ် သူတို့၏လက်ဝယ်ပိုင်ဆိုင်ထားခဲ့သူတို့နှင့်ပတ်သက်၍လည်းကောင်း (မဖြစ်မနေ ကျေပွန်စွာ ဆောင်ရွက် ရမည့်) တာဝန်ဝတ္တရားများကို သတ်မှတ်ပြဌာန်းတော်မူပြီး ငါအရှင်မြတ်သည်ပင် သွန်သင်လမ်းညွှန်တော် မူခဲ့ပြီးဖြစ်၏။ (အသင်တမန်တော်အတွက် အထူးစည်းမျဉ်းတော်ကို ထုတ်ပြန်ချမှတ်တော်မူရခြင်းမှာ အိမ်ထောင် ရေးဆိုင်ရာ ဆက်နွယ်ပတ်သက်မှုကြောင့် တမန်တော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင်) အသင့်အပေါ်၌ မည်သည့် အခက်အခဲအဟန့်အထား တစ်စုံတစ်ရာမရှိစေရန်သာ (ထုတ်ပြန်တော်မူခြင်း) ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်း တို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။