Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 51 — Surah Al-Ahzab 33:51
အသင် (တမန်တော်) သည် (သူမ၏လွတ်လပ်သောဆန္ဒအရ မည်သည့် တောင်းဆိုချက်မျှ မပါဘဲ သူမတို့ကိုယ်သူမတို့ အသင့်ထံ ကမ်းလှမ်းကြသော) သူမတို့အနက် အလိုရှိသူအား (ကမ်းလှမ်းချက်ကို လက်မ ခံဘဲ) အလျှော့ပေးရွေ့ဆိုင်းစေပြီး အလိုရှိသောသူကို အသင့်ထံ လက်ခံထားရှိနိုင်၏။ (သင်၏ဘဝ ဖော်ကြင်ရာ တော်များအနက်မှ သူမတို့ထံသွားရောက်မည့်အလှည့်ကို) ရွေ့ဆိုင်းထားသူများထဲတွင် မည်သူ့ထံသို့ပင် သင့်ဆန္ဒအလျှောက် သွားရောက်လျှင် သင့်အပေါ်၌ အပြစ်မထိုက်ပေ။ ထိုသို့ပြုလုပ်ခြင်းသည့် သူမတို့၏မျက်စိ စိတ်နှလုံးကို အေးမြကြည်နူးစေရန် ပိုမို၍ သင့်တော်ပြေပြစ်ပြီး သူမတို့အား ဝမ်းနည်း ပက်လက် မဖြစ်မိစေနှင့်။ သူမတို့အားလုံးသည် အသင်၏ပြုမူဆက်ဆံမှုနှင့်ပေကမ်းမှုဖြင့် ရောင့်ရဲတင်းတိမ်လျက် ကျေနပ်အားရ ရှိစေသင့်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်များ ချမှတ်ပေးရာ၌) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။