Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 52 — Surah Al-Ahzab 33:52

(အထက်ဖော်ပြပါ တမန်တော်မြတ်က ထမ်းမြားခဲ့ပြီးဖြစ်သော) ဘဝဖော်ကြင်ရာများနောက်တွင် အခြား အမျိုးသမီးများသည် (နောက်ထပ်ဘဝဖော်ကြင်ရာတော်အဖြစ် ရွေးချယ်) သည် သင့်အတွက် တရား ဝင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ လက်အောက်ခံဩဇာခံများအဖြစ် သင့်လက်ဝယ်ပိုင်ဆိုင်ထားရှိသူတို့မှအပ အခြား မည်သူ့ကိုမျှ အကယ်၍ သူမတို့၏ရုပ်ရည်လှပမှုသည် အသင့်အား နှစ်သက်စေလျှင်ပင်ဖြစ်စေ၊ (လောကီဘဝထက် အရှင်မြတ်နှင့်အရှင့်တမန်တော်ကို ဦးစားပေးလျက် တမန်တော်၏ကြင်ရာတော် ဖြစ်လာသော) ဘဝဖော် ကြင်ရာတော်များ၏နေရာတွင် အစားတိုးပြောင်းလဲခြင်းကိုလည်း သင့်အတွက် တရားဝင်သည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် (ကောင်းစွာ) စောင့်ကြည့်နေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။