Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 53 — Surah Al-Ahzab 33:53

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် သင်တို့အား စားသုံးခြင်းအတွက် (ဖိတ်ခေါ်၍) ခွင့်ပြုခြင်း ခံကြရသည်မှအပ ယင်း (အစားအသောက်) ကို (ပြင်ဆင်တည်ခင်းဧည့်ခံမည့်) သင့်​တော်သော အ ချိန်အတွက် စောင့်ဆိုင်းခြင်းမရှိဘဲ နဗီတမန်တော်မြတ်၏အိမ်ထဲသို့ မဝင်ကြလေနှင့်။ သို့ရာတွင် (တည်ခင်း ဧည့်ခံချိန်ရောက်၍) သင်တို့အား (စားသုံးရန်) ဖိတ်ခေါ်ခြင်းခံကြရသောအခါမှသာလျှင် ဝင်ရောက်ကြလော့။ ထို့နောက် စားသောက်ပြီးသောအခါ သင်တို့သည် လူစုခွဲ၍ထွက်ခွာသွားကြလော့။ ထို့ပြင် (သင်တို့သည် စားသောက်ပြီးနောက်) စကားစမြည်ပြောဆိုခြင်းသက်သက်အတွက် အချိန်ဆွဲကျန် ရစ်လျက် ထိုင်မနေကြလေ နှင့်။ ဧကန်ပင်၊ ထိုသို့ပြုလုပ်ခြင်းသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေသော်လည်း နဗီတမန်တော် မြတ်သည် သင်တို့အား (ထွက်ခွာစေရန်) အားနာ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်တရားကို မိန့်တော်မူခြင်း၌ အားနာတော်မူသည် မဟုတ်ပေ။ ထို့အပြင် သင်တို့သည် (နဗီ တမန်တော်မြတ်၏ဘဝဖော် ကြင်ရာတော်များဖြစ်ကြသော) သူမတို့ထံမှ (လောကီလို အပ်ချက်) တစ်စုံတစ်ရာကို တောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှသာ တောင်းကြလော့။ ထိုသို့ပြုခြင်းသည် သင်တို့၏စိတ်နှလုံးများအတွက် လည်း ကောင်း၊ သူမတို့၏စိတ်နှလုံးများအတွက်လည်းကောင်း၊ ပိုမို၍ပင် ဖြူစင်သန့်စင်မှုကို ဖြစ်စေ၏။ စင်စစ် သော်ကား သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့် မရှိချေ၊ ထိုနဗီတမန်တော်မြတ်မရှိသည့် နောက်တွင် သူ့ဘဝဖော်ကြင်ရာတော်များကို မည်သည့်အခါ၌မျှ ထိမ်းမြားပိုင် ခွင့်လည်း မရှိပေ။ ဧကန်မလွဲ၊ ထိုသို့ (သူ့မုဆိုးမကြင်ရာ များကို) ထိမ်းမြားလိုခြင်းသည် အလ္လာဟ်အရှင်မြတ် အမြင်တော်၌ အ လွန် ကြီးလေးသော၊ ပြစ်မှုပင် ဖြစ်၏။