Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 56 — Surah Al-Ahzab 33:56

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အထူးကရုဏာတော်ဖြင့်) လည်းကောင်း၊ အရှင့် (မလာအီကာ) ကောင်းကင်စေတမန်များသည် (အရှင်မြတ်က တမန်တော်မြတ်အား အမြင့်မြတ်ဆုံး ချီးမွမ်းခြင်း ခံရသော အဆင့်ရောက်စေတော်မူပြီး သူ့တာဝန်၌ အောင်ပွဲခံစေတော်မူရန် ဆုတောင်းခြင်းဖြင့်) လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာနှင့်မေတ္တာထားကြ၏။ အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် (သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက်) ငြိမ်းချမ်းစေသော ငြိမ်းချမ်းမှုအတိဖြင့် (စလာမ်) မေတ္တာပို့သကြလော့။