Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 59 — Surah Al-Ahzab 33:59
အို၊ ရစူလ်တမန်တော်၊ အသင်သည် သင့်ဘဝဖော်ကြင်ရာတော်များအားလည်းကောင်း၊ သင့်သမီးတော်များအားလည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၏ (ဘဝဖော်ဇနီးသည်များနှင့်သမီးများအပါအဝင်) အ မျိုးသမီး များအားလည်းကောင်း၊ ''သူမတို့သည် (သူမတို့အိမ်အပြင်ထွက်စဉ်နှင့်ထိမ်းမြားခြင်းတရားဝင်သော အမျိုးသားတို့၏ရှေ့သို့ သွားရောက်စဉ်) သူမတို့၏အပေါ်ရုံ (ခြုံထည်) များကို သူမတို့ (၏ရင် ဘတ်များ) အပေါ်၌ (သင့်တော်လုံခြုံစွာ ဖုံးအုပ်၍) တွဲလောင်းဆွဲချလျက် ဝတ်ဆင်ကြလော့။'' ဟု ဟောပြောလော့။ ထိုသို့ဝတ်ဆင် ခြင်းသည် သူမတို့အတွက် အသိအမှတ်ပြုခြင်းခံရရန် ပိုမိုသင့်တော်သည် ဖြစ်ရာ (သူမတို့၏ထိုအပြုအမူအနေအထိုင်နှင့်ဂုဏ်သိက္ခာကို လေးစား၍) သူမတို့ ထိခိုက်နစ်နာအောင် နှောင့်ယှက်ခြင်းမခံကြရစေနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။