Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 72 — Surah Al-Ahzab 33:72

ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် ယုံကြည်အပ်နှံမှုကြီး (ကျမ်းတော်မြတ်ကုရ်အာန်) ကို မိုးကောင်းကင်များ၊ မြေကမ္ဘာနှင့်တောင်များ၏ရှေ့ဝယ် ကမ်းလှမ်းတော်မူခဲ့ရာ ယင်းတို့သည် ထိုတာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်သွား၍ (ယင်းကို ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းမရှိသဖြင့်) ယင်းမှ ကြောက်ရွံ့မှုကို ခံစားခဲ့ကြသော်လည်း လူသားမှာမူကား ယင်းတာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်ပင်၊ လူသားသည် (အရှင့် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့်) ထင်မြင်ယူဆချက်လွဲနေသူ အသိတရားကင်းမဲ့စွာ ကျင့်ဆောင်သူ ဖြစ်ပေ၏။