Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 33 - Al-Ahzab
Translation by Alin U Yin — Permalink
Verse 73 — Surah Al-Ahzab 33:73
(လူတိုင်းက သူတို့၏လွတ်လပ်သော ဆန္ဒအတိုင်း ရွေးချယ်ဆောင်ရွက်ကြပြီး အကျိုးဆက်အဖြစ်) အလ္လာဟ်အရှင်မြတ်သည် အယောင်ဆောင်သီလကြောင်အမျိုးသားများနှင့်အမျိုးသမီးများကို လည်း ကောင်း၊ (အခြား သက်ရှိသက်မဲ့များကို ကိုးကွယ်ရာအဖြစ် အယူထားလျက်) အရှင်မြတ်နှင့် တွဲဖက်တုပြိုင်၍ ယုံကြည်ကိုးကွယ်ကြသော အမျိုးသားများနှင့်အမျိုးသမီးများကိုလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူလိမ့်မည်ဖြစ်ပြီး သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးများ အပေါ်တွင်မူ အလ္လာဟ်အရှင်မြတ်သည် အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူ (လျက် လွတ်ငြိမ်းမှုပေးတော်မူ) လိမ့်မည်။ အလ္လာဟ် အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။