Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Ahzab 33:9

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် သင်တို့ထံ (ရန်သူတို့၏အင်အား အလုံးအရင်း ရှိသော) စစ်တပ်ကြီးရောက်လာခဲ့စဉ် သူတို့အပေါ် (လွှမ်းခြုံစေရန် ပြင်းထန်အေးခဲသော) လေပြင်းနှင့်သူတို့ မမြင်နိုင်သော စစ်တပ်ကို စေလွှတ်တော်မူ၍ သင်တို့အပေါ် (ဂုဏ်သိက္ခာ ချီးမြှင့်ပေးအပ်တော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို သတိရကြလော့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် သင်တို့ ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။