Verse 1 — Surah Saba 34:1

မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို (အရှင်မြတ်က ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသည့်အတွက် ယင်းတို့အားလုံးကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူ၍ (လောကီဘဝသက်တမ်း၌) ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှု အပေါင်းတို့သည် ထိုအရှင်မြတ်နှင့်သာ ထိုက်တန်တော်မူရုံသာမက နောင်တမလွန်ဘဝ၌လည်း ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် ထိုအရှင်မြတ်သည်နှင့်သာ ထိုက်တန်တော်မူ၏။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် (မည်သူ့ကိုမျှ မတရားထိခိုက် နစ်နာစေတော်မမူဘဲ တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင်၊ (လူသားတို့၏ ပြုမူ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသေးစိတ်ကို) သတင်းရ နေတော်မူသော အရှင်ပင်ဖြစ်၏။