Verse 10 — Surah Saba 34:10

ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူးဒ်အား ငါအရှင့်ထံတော်မှ အရှင့်ကျေးဇူးတော်များ (ဖြစ်သော ဩဇာအာဏာ ဂုဏ်သိက္ခာလမ်းညွှန်တော်နှင့်ဉာဏ်ပညာများ) ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ (ထို့ ပြင် ငါအရှင်မြတ်သည် တောင်များအား) ''အို၊ တောတောင်တို့ သင်တို့သည် (တမန်တော်) ဒါဝူးဒ်နှင့်အတူ (ငါအရှင် မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို သီဆိုကြလော့။ ထိုနည်းတူစွာ ငှက်တိရစ္ဆာန်တို့ သည်လည်း (အလား တူပင် သီဆိုကြလော့။” ဟု မိန့်ကြားတော်မူခဲ့၏။) ထို့ပြင် ငါအရှင်မြတ်သည် (သတ္တုအရည်ကျိုစနစ်ကို သိစေတော်မူလျက်) သူ့အတွက် သံကို ပျော့ပျောင်းစေတော်မူခဲ့၏။