Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 11 — Surah Saba 34:11
(ထိုသို့ဖြင့် တမန်တော်ဒါဝူးဒ် အရှင်မြတ်၏အမိန့်တော်များကို နာခံနိုင်ခဲ့၏။ အရှင်မြတ်က တမန်တော် ဒါဝူးဒ်အား) ''အသင်သည် သံချပ်ကာအင်္ကျီ ဖြစ်မြောက်ရေးလုပ်ငန်းစဉ်၌ (လိုအပ်သမျှကို စနစ်တကျအစီစဉ် ရေးဆွဲ၍) တိုင်းတာချိန်ဆမှုကို သတ်မှတ်ပြီး (ခန္ဓာကိုယ်တစ်ကိုယ်လုံးကာနိုင်သည့်) ပြည့်စုံသော သံချပ်အင်္ကျီ ရှည်များကို စီမံပြုလုပ်လော့။ ထို့ပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။