Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 13 — Surah Saba 34:13
(ထိုဂျင်န်တို့သည် တမန်တော်စုလိုင်မာန်အတွက်) သူအလိုရှိသမျှသော ကြီးကျယ်သည့် အထွတ်အမြတ်အဆောက်အအုံများ၊ (ကျောက်၊ ကြေးနီ၊ ဖန် စသည်ဖြင့် ထွင်းထုသောသက်မဲ့) ပန်းပုရုပ်များ၊ ရေလှောင် ကန်ကြီးတမျှရှိသော ဇလုံများ၊ အင်တုံများနှင့် (မပြောင်းမရွှေ့နိုင်သော) ဘွိုင်လာအိုးကြီးများ ပြုလုပ်ပေးကြ၏။ (အရှင်မြတ်က တမန်တော် ဒါဝူးဒ်အား) အို ဒါဝူးဒ်၏မိသားစုအသိုင်းအဝိုင်းတို့၊ သင်တို့ သည် (သီလဆောက်တည်၍) ကျေးဇူးသိတတ်လျက် အလုပ်လုပ်ကြလော့။ စင်စစ်သော်ကား ငါအရှင်မြတ်၏အစေခံလူသားတို့အနက် အနည်းငယ်မျှသည်သာ ကျေးဇူးသိတတ်ကြ၏။