Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 14 — Surah Saba 34:14
ထို့နောက် (တမန်တော်စုလိုင်မာန်ကွယ်လွန်စဉ်) ငါအရှင်မြတ်သည် သူ့အပေါ်၌ သေခြင်းတရားကို ပြဋ္ဌာန်းတော်မူလေသောအခါ သူ့ကွယ်လွန်မှုနှင့်စပ်လျဉ်း၍ သူ့တောင်ဝှေးကို စားလျက်ရှိသည့် မြေကြီး၌ လှုပ် ရှားသွားလာသောသက်ရှိ (ခြ) မှအပ (အခြားမည်သည့် အရိပ်လက္ခဏာကိုမျှ) သူတို့အား ညွှန်ပြတော်မူခဲ့သည် မဟုတ်ပေ။ ထို့နောက် (တမန်တော်) စုလိုင်မာန်သည် မြေကြီးပေါ် လဲကျသွားခဲ့သောအခါ ဂျင်န်များက ''ဧကန်စင်စစ်၊ အကယ်၍ သူတို့သည် အကွယ်၌ရှိသည်ကို သိရှိကြလျှင် ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်၌ ဆက်လက်၍ ပင်ပင်ပန်းပန်းလုပ်နေခဲ့ကြမည် မဟုတ်ကြောင်းကို” မြင်သာထင်ရှားစွာ ရှင်းရှင်းလင်းလင်း သိသွားခဲ့ကြလေ၏။