Verse 15 — Surah Saba 34:15

ဧကန်မုချ၊ “စဗာ”ပြည်သူတို့အတွက် သူတို့နေထိုင်ရာဒေသ၌ပင် (အနစ်သာရရှိသော သင်ခန်းစာအဖြစ်) သက်သေလက္ခဏာတစ်ရပ်သည် ရှိခဲ့၏။ (ထိုဒေသ၏) လက်ယာဘက်နှင့်လက်ဝဲဘက်တွင် (အလွန်ကျယ်ပြော ပြီး သာယာကြည်နူးဖွယ်ရာ) ဥယျာဉ်ခြံနှစ်ခုရှိခဲ့၏။ ''သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရိက္ခာအထောက်အပံ့များမှ (တရားတော်နှင့်အညီ) စားသောက်၍ ထိုအရှင်မြတ်အား ကျေးဇူးတင်ကြလော့။ (ထိုအရှင်မြတ်သည်ပင် သင်တို့၏မြို့ရွာများကို) အေးချမ်းသာယာပြီးသန့်စင်သော မြို့ရွာဒေသ ဖြစ်စေတော်မူသောအရှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။