Verse 18 — Surah Saba 34:18

ထို့ပြင် ငါအရှင်မြတ်သည် သူတို့နှင့်ငါအရှင်က ကျက်သရေမင်္ဂလာ သုခချမ်းသာနှင့်ပြည့်စုံစေတော်မူခဲ့သော မြို့ရွာ (များဖြစ်သည့် ပါလက်စတိုင်း ဒမတ်စကတ် အပါအဝင် အရှင့်ကျေးဇူးတော် အလျှံပယ် ပေး အပ်တော်မူသောဒေသ) ပေါင်းများစွာတို့အကြား၌ ထင်ရှားမြင်သာသော မြို့ရွာများကို စည်ကားစေတော်မူပြီး ယင်း (မြို့ရွာဒေသ) ၌ စည်းမျဉ်းတော်များကို ပြဌာန်းစေတော်မူလျက် ခရီးသွာလာခြင်းကို (လွယ်ကူမှုနှင့် လုံခြုံမှုရှိစေရန်) သတ်မှတ်ပေးတော်မူခဲ့၏။ သင်တို့သည် ယင်း (မြို့ရွာဒေသများ) တွင် ညမရွေး၊ နေ့မရွေး၊ ဘေးကင်းလုံခြုံစွာဖြင့် ခရီးသွားကြလော့။