Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 19 — Surah Saba 34:19
သို့ရာတွင် သူတို့သည် (အေးချမ်းသာယာမှုနှင့်ဘေးကင်းလုံခြုံမှုကြောင့် စိတ်အလိုလိုက်လာကြ၍ အရှင့်ထံ) ''အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့၏ ခရီးထောက်များကို ကွာဝေးစေတော်မူပါ။'' ဟု လျှောက်ထားကြလျက် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ် ဝိဉာဉ်) များကို (အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူး လွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့် ကြံမှုအတွက် အသုံးချခြင်းဖြင့် သူတို့ကိုယ်သူတို့ ဖျက်ဆီးစေခဲ့ကြ၏။ ငါအရှင်မြတ်သည် သူတို့အား (ကွယ်လွန် သေဆုံးပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောအမှုန်များအဖြစ် ခန္ဓာကိုယ် တစ်ခုလုံးသည်ပင် လုံးဝ တစ်စစီ ကျိုးတိုးကျဲတဲ ဖြန့်ကြဲခြင်းခံရသကဲသို့ နောင်မျိုး ဆက်များအတွက်) ဒဏ္ဍာရီဆန်ဆန်အပြောအဆိုများသာရှိစေ ရန် အစိတ်စိတ်အမြွှာမြွှာ နေ ရာအနှံ့ ကစဉ့်ကလျား ဖြန့်ကျဲစေတော်မူခဲ့၏။ ဧကန်စင်စစ်၊ ထို (သို့ ဖြစ်ပျက် စေတော်မူခြင်း) ၌ (အရှင့်လမ်းတော် နှင့်အညီဘဝဆောက်တည်ရာတွင် ကြုံလာသမျှ ဘေးဒုက္ခအခက်အခဲ များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူတိုင်းနှင့် (အရှင်မြတ်ပေးအပ်တော်မူသည့်ကျေးဇူးတော် များနှင့်စပ်လျဉ်း၍) အလွန် ကျေးဇူးသိတတ်သူတိုင်းအတွက် (အရေးပါသောသင်ခန်းစာပါဝင်သည့်) အာယသ် သက်သေလက္ခဏာတော်များ ရှိနေ၏။