Verse 2 — Surah Saba 34:2

ထိုအရှင်မြတ်သည် မြေကမ္ဘာအတွင်းသို့ တိုးဖောက်စိမ့်ဝင်သောအရာဟူသမျှကိုလည်းကောင်း၊ ယင်း (မြေကမ္ဘာအတွင်း) မှ ထွက်ပေါ်လာသောအရာဟူသမျှကိုလည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းလာသော အရာဟူသမျှကိုလည်းကောင်း၊ ယင်း (မိုးကောင်းကင်) သို့ တက်သွားသော အရာဟူသမျှကိုလည်းကောင်း၊ (အလုံးစုံတို့ကို) သိနေတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အားလုံးအပေါ် အစဉ် သနားညှာ တာတော်မူသော အကြင်နာရှင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။