Verse 21 — Surah Saba 34:21

စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သူက နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ယုံကြည်ပြီး မည်သူက ယင်းနှင့်စပ်လျင်း၍ ဒွိဟသံသယ၌ ရှိသည်ကို ခွဲခြားသိမြင်စေတော်ရန် (စေတန်မကောင်းဆိုးဝါးအား ဖြင့် စမ်းသပ်တော်မူခြင်း) မှအပ စေတန်မကောင်းဆိုးဝါးက သူတို့အပေါ် (လွှမ်းမိုးလျက် သူတို့အား အတင်းအကျပ်လုပ်စေရန်) သူ့၌ မည်သည့် အခွင့်အာဏာမျှ မရှိပေ။ အသင် (တမန်တော်) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စောင့်ကြည့်တော်မူလျက် မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။