Verse 23 — Surah Saba 34:23

ထို့ပြင် ထိုအရှင်တော်မြတ်ထံတော်တွင် အရှင်မြတ်၏ခွင့်ပြုမိန့်ရရှိထားသူမှအပ (အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် သူ့ပြုမူကျင့်ကြံမှု၌ လိုအပ်ချက်ရှိနေသူအား မျှဝေပေးရန်အတွက်) ကြားဝင်အသနား ခံပေးမှုသည် အကျိုးရှိစေမည် မဟုတ်ပေ။ (ထိုသို့ ကြားဝင်အသနားခံပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားကြသော မလာအီကာ ကောင်းကင်စေတမန်များသည်ပင် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်အထိ ဖြစ် လာမည်။) နောက်ဆုံးတွင် သူတို့၏စိတ်နှလုံးများမှ ထိတ်လန့်မှု ပပျောက်စေခြင်းခံရသောအခါ ''သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သည်ကို မိန့်ကြားတော် မူသနည်း။'' ဟု မေးမြန်းကြမည်ဖြစ်ရာ သူတို့က (အရှင်မြတ်မိန့်တော်မူခဲ့သမျှသည်) အမှန်တရားသစ္စာပင် ဖြစ်၏။ ဟု ဖြေကြားပေမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အမြင့်မြတ်ဆုံး အကြီးကဲဆုံး ဖြစ်တော်မူ၏။