Verse 24 — Surah Saba 34:24

(အို၊ ရစူလ်တမန်တော် သူတို့အား) “မိုးကောင်းကင်များနှင့်မြေကမ္ဘာမှ မည်သူသည် သင်တို့အား ရိက္ခာအထောက်အပံ့များ ပေးအပ်တော်မူသနည်း။” ဟု မေးမြန်းလော့။ (ထို့နောက်) ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်ကြောင်း ဖြေကြားလော့။ ထို့ပြင် (တစ်ဆူးတည်းသော အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ကြသော) ကျွန်ုပ်တို့သည် သို့မဟုတ် (အရှင်မြတ်ကို စွန့်၍ အခြားသက်ရှိသက်မဲ့တို့အား ယုံကြည်ကိုးကွယ်ကြသော) သင်တို့သည် တရားလမ်းမှန်ပေါ်၌သော်လည်းကောင်း၊ ထင်ရှားစွာသောလမ်းမှားမှု၌သော်လည်းကောင်း၊ ရှိကြပေ၏။